TeamViewer
အင်းတော်တော်တိုးတက်နေတဲ့ခေတ်ကြီးပါလားဗျာ..တနေ့က ကျနော်ကွန်ဖြူတာ သုံးရတာအဆင်မပြေလို့ အမကိုပြောတော့ အမကလှမ်းပြင်ပေးမှ ဒီဆော့လ်ဝဲလေးကိုသိရလို့  တင်ပေးလိုက်တာပါဗျားးးတစ်ဖက်စက်ရဲ့ Desktop ကို မြင်နိုင်ကြည့်နိုင်ပါတယ်။အဝေးတနေရာရာကို ဆက်သွယ်အလုပ်လုပ်နေသူတွေအတွက် တော်တော်ကောင်းတဲ့ဆော့လ်ဝဲလေးပါဗျာလိုချင်ရင်တော့ ဒီမှာ Download ပါဗျာ......
၁) မိမိကွန်ပျူတာ၊ မိမိနှင့် ဆက်သွယ်ချင်သည့် ကွန်ပျူတာတို့တွင် TeamViewer ကို Install လုပ်ပါ။
၂) အောက်ပါပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်။ ၃) ဘယ်ဘက်တွင် ပေါ်နေသော ID နဲ့ Password သည် မိမိ စက်အတွက် ဖြစ်ပါတယ်။
၎) ညာဘက် အကွက်လွတ်တွင် မိမိဆက်သွယ်မည့် စက်၏ ID ကို ရိုက်ထည့်ရမည် ဖြစ်ပါတယ်
စက်နှစ်လုံး install လုပ်ပြီးပါက တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နိုင်ရန် ID နှင့် Password များကို ပြောပြရမှာ ဖြစ်ပါတယ်။ တစ်ယောက် ID နဲ့ Password တွေ ရပြီးဆိုရင် ဆက်သွယ်နိုင်ပါပြီ။ဒါပေမယ့် ဆခါဖွင့်သုံးတိုင်း Passwordတွေက ပြောင်းသွားတတ်ပါတယ်ဗျာ...Passwordကို မပြောင်းစေချင်ရင်တော့ Extras မှ Options ရှိ Startup တွင် သွားရောက် ပေးထားနိုင်ပါတယ်ဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment